မော်ဒယ် နှင့် သရုပ်ဆောင် အေးဝတ်ရည်သောင်း ပါ။ အိမ်နာမည်ကတော့ 'ပေါက်စီ'လို့ခေါ် ပါတယ်။ ပေါက်စီက သရုပ်ဆောင်လုပ်သလို 'လွယ်လွယ်လေး'ဆိုတဲ့ တစ်ကိုယ်တော်စီရီး လည်း ထွက်ဖူးတယ်။ အခုတလော ကားရိုက်တွေနည်းနည်းကျဲ နေပေမဲ့ မဂ္ဂဇင်း Cover Girl ၊ ပိုစတာတွေတော့ ရိုက်ဖြစ်နေတယ်လို့ အေးဝတ်ရည်သောင်းက ဆိုပါတယ်။အေးဝတ်ရည်သောင်းက ကျောက်မြောင်းမှာ အင်တာနက်ဆိုင်တစ်ဆိုင် ကိုဖွင့်ထားသေးပါတယ်။ အေးဝတ်ရည်သောင်းကို ဆက်သွယ်မယ်ဆိုရင်တော့ ဒီလိပ်စာအတိုင်း ဆက်သွယ်နိုင်ပါတယ်။ အမှတ်(၄ဝ၈)၊ မာလာမြိုင်လမ်း၊ ၁၆/အပိုင်း(၃)၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။

0 comments